ရင်သားကင်ဆာအကြောင်း သိကောင်းစရာ
ခန္ဓာကိုယ်အပြင်ပိုင်း၊ အရေ ပြားအောက်တွင်ရှိသော ရင်သား နှင့်ပတ်သက်သည့်ရောဂါများကို လည်း
စောစီးစွာတွေ့ရှိပြီး လျင် မြန်စွာ ကုသနိုင်လျှင် ပျောက်ကင်းနိုင်ကြောင်းသိရသည်။
အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခုဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံတွင်လည်း
သေဆုံးမှု အများဆုံးဖြစ်စေသည့် ကင်ဆာအမျိုးအစားစာရင်းဝင် ဖြစ်လာသလို အနောက်နိုင်ငံ များမှာ လည်း
ရင်သားကင်ဆာ သည် အဖြစ်အများဆုံး ရောဂါ တစ်ခုဖြစ်လာသည်။
ရင်သားကင်ဆာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရသူ များနှင့် ပတ်သက်၍
''ရောဂါ အကြောင်း အမှန် မသိမှု၊ အဝိဇ္ဇာနဲ့ အယူလွဲမှားမှု၊ မိစ္ဆာ-ဒိဌိ၊
ရောဂါကို အဆင့်လွန်မှကုသ ခြင်းခံယူမှု၊
ကြော်ငြာကောင်းလို့ တတ်ရောင်ကားတွေနဲ့ ကုသမှု
၊ နားမလည်သူက မသိသူကို အကြံပေးပြီး အဆွယ်ကောင်းမှု၊
စနစ်ကျပြီး ပြည့်စုံအောင် မကု သနိုင်ကြလို့ သေဆုံးကြတာဖြစ် တယ်''ဟု ပါမောက္ခ ဒေါက်တာမြသိန်းဟန်မှ ပြောကြားသည်။
ရင်သားကင်ဆာဆိုသည်မှာ နို့ရည်အိတ်နှင့် နို့ရည်ပြွန်၏ ပဋိ ဇီဝဆဲလ်တွေက မူမမှန်ဖောက် ပြန်ပြီး
အထိန်းအကွပ်မရှိ ကြီး ထွားပွား များကာ အနီးပတ် ဝန်းကျင်နေရာများကို ထိုးဝင် အမြစ်တွယ်ခြင်း
ခန္ဓာကိုယ်နှင့် အခြားနေရာများကို ပျံ့နှံ့ဝင် ရောက်ခြင်းတို့ကြောင့် အဖြစ် များရခြင်းဖြစ်သည်။
ရင်သား ကင်ဆာက လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထိုးဝင် အမြစ်တွယ်ပျံ့နှံ့စေပြီး အဆီ ရည်လမ်းကြောင်းများက
ခန္ဓာကိုယ်အတွင်း ထိုးဝင်စီးဆင်းပြီး သက်ဆိုင်ရာ အဆီရည်အကြိတ် များကို ကြီးထွားပွားများစေသည့် အပြင်
သွေးလည်ပတ်မှုသွေး ကြောကိုလည်း ခန္ဓာကိုယ်အစိတ် အပိုင်းများကိုပါ အမြစ်တွယ်ပြီး ပျက်စီးစေနိုင်သည်ကိုသိရသည်။
ရင်သားကင်ဆာသည် အဆီ ရည်လမ်းကြောင်းမှ တစ်ဆင့် ဒုက္ဓပေးသည့်ပုံစံနှင့်စပ်လျဉ်း၍ ဂျိုင်းအကြိတ်တွေ ကြီးလာပြီး
စမ်းလို့ ရလာမယ်။ဂျိုင်းရှိ အကြိတ် တွေ စုခဲပြီး အနာဖြစ်လာမယ်။ လည်ပင်းရင်း အကြိတ်တွေပါ ကြီးလာမယ်။
ဆင်ခြေထောက် ပုံသဏ္ဌာန် လက်မောင်းနဲ့ လက်ချောင်းများ ကြီးလာမယ်။ ရင်ခေါင်းအတွင်းပိုင်းမှာလည်း
အကြိတ် ကြီးလာတာနဲ့အမျှ အသက်ရှူကျပ်ကာ အစာ မျိုရ ခက်ခဲခြင်းများဖြစ်လာမည့်အပြင် ဝမ်းဗိုက်အတွင်း
ဖျင်းဆွဲခြင်း အပြင် သားဥအလုံးကင်ဆာ အထိ ဖြစ်လာနိုင်ပါတယ်''ဟု ပါမောက္ခဒေါက်တာ မြသိန်းဟန် မှ ပြောကြားသည်။
ထို့ပြင်သွေးကြောငယ်မှတစ်ဆင့် အဆုတ်ထိ အမြစ်တွယ် ပွားများခြင်း ၊ ချောင်းဆိုးလျှင် သွေးပါခြင်း၊
အဆုတ်အမြှေးပါးအိတ် ရေဝင်ပြီး အသက်ရှူကျပ်ခြင်း၊ ရင်ခေါင်း အောင့်ပြီး အသက်ရှူမဝခြင်း၊
သွေးလွှတ်ကြောမှ တစ်ဆင့် ဦးနှောက်ကို သွား သဖြင့် ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ သတိ လစ်ခြင်း၊
အကြောသေခြင်း၊ လေ ဖြတ်ခြင်း၊ အရိုးကို သွားသော ကြောင့် အရိုးနာရောဂါ များ ဖြစ်ခြင်းအစရှိသည့်
ရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် အာဟာရဓာတ် ထိခိုက်မှုကြောင့် စား သောက်ချင်စိတ်လျော့နည်းပြီး
စားသုံးထားသည့် အာဟာရများကို ကင်ဆာဆဲလ်များက စားသုံးလိုက်သည့်အတွက် အာဟာရပျက်ပြီး
အနာမှ သွေး ထွက် ခြင်းကြောင့် သွေးအားနည်း ရောဂါများ ဖြစ်နိုင်ကြောင်း သိရသည်။
''ရင်သားကင်ဆာဘာကြောင့် ဖြစ်ရတယ်ဆိုတာအတိအကျမသိ နိုင်သေးပါဘူး။ မိသားစုရာဇဝင် ၂၀ ရာခိုင်နှုန်းခန့်မှာ
ရှိပေမယ့် ၅-၁၀ ရာခိုင်နှုန်းသာ မျိုးရိုး ကြောင့် ဖြစ်နိုင်တာပါ။ ၉၀ ရာ ခိုင်နှုန်းကတော့ အသက်အရွယ် နဲ့
လူနေမှုစရိုက်ကြောင့်ဖြစ်တာ လို့ သတ်မှတ်နိုင် ပါတယ်''ဟု ပါမောက္ခဒေါက်တာမြသိန်းဟန် မှ ပြောကြားသည်။
ရင်သားကင်ဆာရောဂါက အမျိုးသမီးများအဖြစ်များပြီး ၁ ရာခိုင်နှုန်းသာ အမျိုးသားများ ဖြစ်နိုင်သည်။
ရင်သားကင်ဆာ အဖြစ်များသူ များမှာ မျိုးရိုး ရာဇဝင်ရှိသူ၊ အသက် ၄၀ မှ ၆၀ အရွယ်ရှိသူများ၊
''မ''ဟော်မုန်း ဓာတ်များသူများ၊ အပျိုဘော်ဝင် တာစောပြီး သွေးဆုံး မှုနောက်ကျ သူများ၊အပျိုကြီးများနှင့်
အသက် ၃၀ ကျော်ပြီးမှ ပထမကလေး ရသူများ၊ ကလေးရပြီး နို့မတိုက်သူများ၊ ရင်သားမှာ ယခင်က အကြိတ်ဖြစ်ဖူးသူများ၊
မဟော် မုန်းအစားထိုး အသုံးပြုသူများ၊ ဝလွန်းသူများနှင့် ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးသူများ အဖြစ် များကြောင်း သိရသည်။
''ရင်သားကင်ဆာ လူနာ ၉၅ ရာခိုင်နှုန်းက ကင်ဆာအကြိတ် အဖုအနေနဲ့စနိုင်ပေမယ့်အကြိတ်အဖု ၉၅ ရာခိုင်နှုန်းက
ကင်ဆာ မဟုတ်ပါ ဘူး။ တချို့ နို့သီးခေါင်းမှ သွေးထွက်ခြင်း၊ ရင်သားသေး ငယ်ခြင်း၊ရင်သားရောင်ရမ်းခြင်း
၊ ချိုင်း အကြိတ်ထွက်ခြင်းတို့ကို ကျန်းမာရေး စစ်ဆေးချိန်မှသာ သိရှိနိုင်ပါတယ်။
ရင်သားကင်ဆာ ဖြစ်မှာ မသိရပေမယ့် ရောဂါရင့် လာရင်တော့ ခန္ဓာကိုယ်က ပြနိုင် ပါတယ်။
ခန္ဓာ ကိုယ်အကြိတ်အဖု နဲ့ ရင်သားပုံစံပြောင်းလာခြင်း၊ နို့သီးခေါင်းမှ သွေးရည်ထွက်ပြီး အရေပြားပြောင်းလဲခြင်း၊
ချိုင်းမှာ အကြိတ်စမ်း မိခြင်းဖြစ်လာပါက Mammogram ရင်သားကို ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ ပြုလုပ်ပြီး
မသေချာသေးပါက အကြိတ်အဖုမှ အသားစကို ထုတ်ယူပြီး ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်သင့်ပါတယ်။
ရင်သားအကြိတ်တိုင်းကလည်း ကင်ဆာ မဟုတ်နိုင်ပါဘူး။ ရင်သား အကြိတ် အဖု ပျောက်အောင် ကုသနိုင်တဲ့
တိုင်းရင်းဆေးတွေ ကလည်း ကင်ဆာကို ကုသနိုင်တာ မဟုတ်ပါဘူး။ သူတစ်ပါး ပြောတိုင်း အရမ်း မယုံကြပါနဲ့''ဟု
ပါမောက္ခဒေါက်တာမြသိန်းဟန် က သုံးသပ်ပြောကြားသည်။
နှင်းနှင်း
ကြည့်သူဦးရေ: 122
Tags: ကျန်းမာ
No comments:
Post a Comment