♥ ♥ ♥ အချစ်နဲ့ပတ်သတ်တဲ့မေးခွန်းတွေဖြေကြည့်ကြမယ်နော် ♥ ♥ ♥
သူငယ်ချင်းတို့ရေ...............................ဘာရယ်တော့မဟုတ်ပါဘူး..
အချစ်နဲ့ပတ်သက်လာရင်မင်းတို့တွေရဲ့ခံယူချက်တွေဘယ်လိုရှိလဲဆိုတာကိုခန့်မှန်းလို့ရအောင် မေးခွန်းလေးတွေကိုဖြေကြည့်ကြပါနော်..
အပျင်းပြေပေါ့.. အောက်မှာတော့ အဖြေတွေကိုပေးထားပါတယ်..
ဒါပေမယ့် မေးခွန်းတွေကို ကိုယ့်စိတ်ကူးနဲ့ဖြေကြည့်ပြီးမှအောက်ကပေးထားတဲ့အဖြေနဲ့ဘာတွေကွာခြားလဲဆိုတာကို ကြည့်ရအောင်နော်.....
သိလို့တော့မဟုတ်ပါဘူး..စာအုပ်တစ်အုပ်ဖတ်ရင်း ရေးထားတာလေးတွေကို သဘောကျလို့ပြန်ပြီးဝေမျှတာပါ.....
သဘောမကျရင်တောင် စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင်ကျေးဇူးတင်ပါတယ်..........................
♥ မေးခွန်း(၁) ♥
- ကော်ဖီကောင်းကောင်းရဖို့ အချိန်ခုနစ်နှစ်စောင့်ရတယ်..
- ၀ီစကီကောင်းကောင်းတစ်ခွက်ရဖို့ အနှစ်နှစ်ဆယ်စောင့်ရတယ်..
- ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်စောင့်ရတယ်..
- နှလုံးသားအတုကိုတွေ့ဖို့ မျက်တောင်တစ်ခတ်စာစောင့်ရတယ်..
- အချစ်စစ်တစ်ခုကိုတွေ့ဖို့ အချိန်ဘယ်လောက်ကြာအောင်စောင့်ရမလဲ......????
♥ မေးခွန်း(၂) ♥
- အချစ်ဆိုတာကိုယ့်ရင်ထဲမှာ အစကတည်းကရှိနေတဲ့အရာလား...
- ဒါမှမဟုတ်... လူတစ်ယောက်ကိုတွေ့တော့မှပေါက်ဖွားရှင်သန်လာတဲ့အရာလား..
- သူ့ကြောင့်အချစ်ဆိုတာဖြစ်လာတာလား....????
♥ မေးခွန်း(၃) ♥
- လူတစ်ယောက်ကို ကြိုက်ပြီးမှချစ်တာလား..
- ဒါမှမဟုတ်.. ချစ်ပြီးမှသူ့ကိုကြိုက်သွားတာလား...
- အကြိုက်နဲ့အချစ်က ဘယ်ဟာကအရင်ဖြစ်သလဲ..ဘယ်လိုရောဆက်စပ်နေတယ်လို့ထင်လဲ....????
♥မေးခွန်း(၄) ♥ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်ရှိနေခဲ့ရင်.
- ဘယ်တော့မှမဝေးတော့ဘူးလို့ထင်ပါသလား..
- အရာရာအဆင်ပြေပြီလို့ထင်ထားသလား....????
♥မေးခွန်း(၅) ♥ လူတစ်ယောက် ကောင်းတယ်ဆိုးတယ်ဆိုတာကို
- ပတ်ဝန်းကျင်ရဲ့အမြင်နဲ့ဆုံးဖြတ်မှာလား..
- ကိုယ့်ရဲ့အမြင်နဲ့ဆုံးဖြတ်မှာလား.....
- အဲဒီလူရဲ့အတွင်းစိတ်နဲ့ ဆုံးဖြတ်ရမှာလား...????
♥ မေးခွန်း(၆) ♥ လူတစ်ယောက်ကို နားလည်ရတာနဲ့ ခွင့်လွှတ်ရတာဘယ်ဟာကပိုခက်မလဲ....????
♥မေးခွန်း(၇) ♥
- ဗယ်လင်တိုင်းဒေး ရယ်၊
- ကိုယ့်ချစ်သူကကိုယ့်ကိုအဖြေပေးတဲ့နေ့(သို့) ကိုယ့်ချစ်သူကို ကိုယ်ကအဖြေပေးလိုက်တဲ့နေ့၊(OR)ချစ်သူတွေစဖြစ်တဲ့နေ့ကို နှစ်ပတ်လည်ကြုံလာတဲ့နေ့ (AnniversaryDay)
အဲဒီနေ့နှစ်ခုမှာ ဘယ်နေ့က ကိုယ့်အတွက်ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ ထင်လဲ...????
♥မေးခွန်း(၈) ♥ လူတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင် ကိုယ့်ရဲ့မကောင်းတဲ့အချက်တချို့တလေကို
အဲဒီလူအတွက်ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ဟုတ်လား....???
♥မေးခွန်း(၉) ♥ တစ်ခါတလေမှာ အချစ်တွေဟာလှည့်ဖြားတတ်တယ်..လူတစ်ယောက်ကိုချစ်တယ်ထင်ပြီးမှ
တကယ်မချစ်တာမျိုးပေါ့..လူတစ်ယောက်ကို တကယ်ချစ်မချစ်ဆိုတာ ဘယ်လိုသိနိုင်မလဲ....????
♥ မေးခွန်း(၁၀) ♥ အချစ်စစ်တစ်ခုရှိတယ်ဆိုပါတော့...အဲဒီအချစ်မှာ အရင်စချစ်ရတဲ့သူက
- ပိုချစ်တတ်တဲ့သူလား...
- ဒါမှမဟုတ်.. ပိုချစ်ရတဲ့သူလား....????
♥ မေးခွန်း(၁၁) ♥ လူတစ်ယောက်ကိုချစ်မိသွားတယ်ဆိုရင် ယုံကြည်ခြင်းကကပ်ပါသွားတတ်လား....????
ကဲ.. ဘယ်လိုလဲ သူငယ်ချင်းတို့ရေ..
ဖြေပြီးသွားကြပြီလား..
ဒါဆိုရင်..ကိုယ်ဖြေခဲ့တဲ့အဖြေတွေနဲ့ အခုပေးထားတဲ့အဖြေတွေနဲ့ ဘာတွေကွာခြားလဲ?ဘာတွေတူညီလဲ? ဆိုတာ
ဆက်ကြည့်ရအောင်နော်.....
အဖြေ(၁) ♥ အချစ်စစ်ကိုစောင့်ရမယ့် သတ်မှတ်ချိန်မရှိပါဘူး..အချစ်စစ်က သူရောက်လာမယ်လို့ကြိုတင်အကြောင်းကြားမထားပါဘူး...။
အဖြေ(၂)♥ချစ်တတ်တဲ့စိတ်အခံကလူတိုင်းမှာရှိပြီးသားပါ..ကိုယ်ချစ်သွားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တဲ့အခါမှ..
ရင်ထဲကအချစ်ဆိုတာပိုပြီးပီပြင်လာပြီးခံစားမှုအားကောင်းသွားတတ်တယ်...။
အဖြေ(၃) ♥ နှစ်ခုစလုံးဖြစ်နိုင်ပါတယ်..
ယေဘုယျအားဖြင့်တော့.. ကြိုက်ပြီးမှ(နှစ်လိုစိတ်ဝင်စားမှု)ချစ်စိတ်ဝင်လာတာများပါတယ်..
ကာလတို၊ ကာလရှည် ကိုယ့်ခံစားမှုနဲ့လိုက်ပြီးအချစ်စိတ်တွေတဖြည်းဖြည်းရင့်သန်လာပါတယ်...။
ယေဘုယျအားဖြင့်တော့.. ကြိုက်ပြီးမှ(နှစ်လိုစိတ်ဝင်စားမှု)ချစ်စိတ်ဝင်လာတာများပါတယ်..
ကာလတို၊ ကာလရှည် ကိုယ့်ခံစားမှုနဲ့လိုက်ပြီးအချစ်စိတ်တွေတဖြည်းဖြည်းရင့်သန်လာပါတယ်...။
အဖြေ(၄) ♥ ချစ်သူတွေကြားမှာ နားလည်မှုရှိရင် တော်တော်များများအဆင်ပြေနိုင်ပါတယ်..
ဒါပေမယ့်.. တစ်ယောက်ယောက်ကထားခဲ့ရင်တော့ ဝေးရမှာပါ...
တစ်ခါတလေမှာ အချစ်ဟာ ကံနဲ့ဆိုင်တတ်ပါတယ်...။
ဒါပေမယ့်.. တစ်ယောက်ယောက်ကထားခဲ့ရင်တော့ ဝေးရမှာပါ...
တစ်ခါတလေမှာ အချစ်ဟာ ကံနဲ့ဆိုင်တတ်ပါတယ်...။
အဖြေ(၅) ♥အဓိကကျတဲ့ ဆုံးဖြတ်ချက်ကိုချတော့မယ်ဆိုရင်တော့အဲဒီလူရဲ့အတွင်းစိတ်နဲ့ ဆုံးဖြတ်ရမှာပါ...။
အဖြေ(၆) ♥လူတစ်ယောက်ကိုနားလည်ရတာက ပိုခက်တတ်ပါတယ်...။
အဖြေ(၇) ♥ Valentine's Day ဆိုတာ အများနဲ့ဆိုင်တဲ့နေ့ပါ..
ကိုယ့်ချစ်သူက ကိုယ့်ကိုအဖြေပေးလိုက်လို့သာ Valentine's dayဆိုတာပိုပြီးပီပြင်သွားတာပါ..
ချစ်သူတွေရဲ့ နှစ်ပတ်လည်နေ့တွေက တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်သည်းခံပြီးနားလည်ပေးကြသလဲ
ချစ်သူတွေရဲ့ နှစ်ပတ်လည်နေ့တွေက တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်သည်းခံပြီးနားလည်ပေးကြသလဲ
ဲ ဆိုတဲ့ဂုဏ်အင်္ဂါတွေကိုဖော်ပြနေပါတယ်...။
အဖြေ(၈) ♥ များသောအားဖြင့်ကတော့ ဖြစ်နိုင်ပါတယ်..
ဒါပေမယ့် မျှော်လင့်ချက်သိပ်မထားတဲ့အချစ်ကတော့ကိုယ့်အတွက်ပိုကောင်းပါတယ်...။
ဒါပေမယ့် မျှော်လင့်ချက်သိပ်မထားတဲ့အချစ်ကတော့ကိုယ့်အတွက်ပိုကောင်းပါတယ်...။
အဖြေ(၉) ♥သေချာတာတစ်ခုကတော့ လူတစ်ယောက်ကိုရင်ထဲမှာ နှစ်နှစ်ကာကာချစ်မိနေပြီဆိုရင် ဒါဟာ အချစ်မှဟုတ်ရဲ့လားလို့
သံသယဖြစ်စရာမလိုအောင်တိကျသေချာခိုင်မာနေတတ်ပါတယ်..
ကိုယ့်ကိုကိုယ်သံသယရှိနေရင် အချိန်ကာလရဲ့အဆုံးအဖြတ်ကိုယူနိုင်ပါတယ်...။
အဖြေ(၁၀) ♥အရင်စချစ်ရတဲ့သူကပိုချစ်ရတဲ့သူပါ...ဒါပေမယ့်.. နောက်ပိုင်းမှာအချစ်ချင်းညီသွားတာမျိုးလည်းရှိတတ်ပါတယ်...။
အဖြေ(၁၁) ♥ လူတစ်ယောက်ကို ချစ်မိသွားရင် ယုံကြည်ခြင်းဆိုတာကိုယ့်အတွက်တော့ အလိုလိုရောက်လာတတ်စမြဲပါ...
သူ့ကိုကိုယ်က ယုံကြည်နေတာက ကိုယ့်ရဲ့ချစ်ခြင်းဖြစ်ပြီး..သူကယုံနိုင်စရာ ကောင်း၊ မကောင်းဆိုတာကတော့
သူ့ကိုကိုယ်က ယုံကြည်နေတာက ကိုယ့်ရဲ့ချစ်ခြင်းဖြစ်ပြီး..သူကယုံနိုင်စရာ ကောင်း၊ မကောင်းဆိုတာကတော့
သူ့အပိုင်းပဲဖြစ်ပါတယ်...။
No comments:
Post a Comment