Powered By Blogger

Tuesday, 16 October 2012

ပညာရေးဆိုင်ရာ အဆိုအမိန့်များ (၁)


Written by မောက္ခ
ပညာရေးဆိုတာ ကိုယ်တိုင် လေ့လာ တတ်မြောက်ထားတာမဟုတ်ရင် အလကားပဲ။
Robert Davies
ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အသိတရားများကို လက်ဆင့်ကမ်းသွားခြင်းပင်ဖြစ်သည်။
G.K.Chesterton
ပညာရေး၏ ရည်ရွယ်ချက်မှာ လူငယ်များကို သူတို့ဘဝတစ်လျှောက်လုံး ကိုယ်တိုင်လေ့လာသင်ယူတတ်စေရန် ပြင်ဆင်ပေးလိုက်ရုံသာဖြစ်သည်။
Robert Maynard Hutchins
ပညာရေးဆိုသည်မှာ မျက်မှောက်ခေတ်မှ အနာဂတ်တိုင် မျိုးဆက်သစ်များအတွက် ပေးဆပ်ရန်ကျန်နေသည့် အကြွေးတစ်မျိုးသာဖြစ်သည်။
George Peabody
ကျောင်းဆိုသည်မှာ ဘဝအတွက် ပြင်ဆင်ပေးရန်မဟုတ်၊ ကျောင်းဆိုသည်မှာ ဘဝတစ်ခုသာဖြစ်သင့်သည်။
Elbert Hubbard
ပညာရေးဆိုတာ ကလေးတွေ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ထုတ်သုံးနိုင်အောင် အကူအညီပေးတာမျိုးပဲ ဖြစ်သင့်တယ်။
Erich Fromm
ပညာရေးပန်းတိုင်ဆိုတာ စည်းကမ်းလိုက်နာဖို့ထက် စိတ်ကို ဖြည့်ဆည်းပေးနိုင်ဖို့သာဖြစ်တယ်။ ကလေးမှာရှိတဲ့ စွမ်းအားတွေကို ထုတ်သုံးနိုင်အောင်၊ အရှိတရားတွေကို အသိတရားတွေဖြစ်လာအောင် လေ့ကျင့်ပေးတာမျိုးပဲ ဖြစ်သင့်တယ်။
Tryon Edwards
လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က အများကြီး သိခဲ့တာတွေကို ခုတော့ ကျုပ်ဘာမှ မသိတော့ဘူး။ ပညာရေးဆိုတာ မသိသေးတာတွေကို သိအောင်ဆက်ပြီး လုပ်သွားဖို့ပဲ။
Will Durant
ကလေးတစ်ယောက်ကို ပညာသင်မပေးခြင်းသည် ကလေးတစ်ယောက် ဆုံးရှုံးခြင်းသာဖြစ်သည်။
John F. Kennedy
Ph.D ကျမ်းဆိုတာ ဘာမှမဟုတ်ဘူး။သင်္ချိုင်းတစ်ခုက အရိုးတွေကို အခြား သင်္ချိုင်းတစ်ခုဆီ ပြောင်းပေး လိုက်တာမျိုးကိုပြောတာ။
J. Frank Dobie
ပညာရေးရဲ့ ဦးတည်ချက်ဟာ အသိဥာဏ်မှာ အချက်အလက်တွေ ဖြည့်ပေးလိုက်ဖို့ မဟုတ်ဘူး။ တန်ဖိုးတွေ ထည့်ပေးလိုက်ဖို့သာဖြစ်တယ်။
Dean Williams R. Inge
ပညာရှင်၏ မင်တစ်စက်ကို အာဇာနည်၏ သွေးတစ်စက်ထက်ပို၍ အလေးအမြတ်ထားသင့်သည်။
Mohammed
ပညာရေး၏ လျှို့ဝှက်ချက်မှာ တပည့်ကိုလေးစားခြင်းသာဖြစ်သည်။
Ralph Waldo Emerson
ပညာရေးဆိုသည်မှာ မသေမချင်း ပြီးဆုံးခြင်းသို့ မရောက်ပေ။
Robert E. Lee
ပညာရေး၏အဓိက ဦးတည်ချက်မှာ သိပြီးသားများကို လေ့လာစေရန်မဟုတ်၊ မသိရသေးသည်များကို လေ့လာစေရန်သာဖြစ်သည်။
G. K. Chesterton
ပညာတတ်ခြင်းဖြင့် ခေါင်းဆောင်တိုင်းလည်း နောက်မလိုက်၊ အုပ်စိုးတိုင်းလည်း ကျွန်မခံ။
Henry Peter
ပညာရေးဆိုတာ အသိဥာဏ်ရှိအောင် လေ့ကျင့်ပေးလို့ပဲရတယ်။ ဖန်ဆင်းပေးလို့မရဘူး။
Edward McChesney Sait
32 ယောက်ကြည့်သွားပါသည်။

No comments:

Post a Comment