ခဲဖျက်နှင့်တူသောမိဘ (သင့်ရဲ့အချိန် ၅မိနစ်လောက်ပေးပြီး ဖတ်စေချင်ပါသည်)
ခဲဖျက်နှင့်တူသော .....
ခဲတံ ။ ။ ငါတောင်းပန်ပါတယ်။
ခဲဖျက် ။ ။ ဘာကိုတောင်းပန်တာလဲ။
ခဲတံ ။ ။ ငါ့အမှားလုပ်တိုင်း မင်း အသားတွေ ပဲ့ပဲ့ပါသွားတယ်။ ကြာရင် တစ်ကိုယ်လုံးဆုံးရှုံးရတယ်။
ဒီအတွက် ငါ စိတ်မကောင်းဘူး။ တကယ်တောင်းပန်ပါတယ်။
ခဲဖျက်။ ။ ငါ့အလုပ်က မင်းအမှားလုပ်တိုင်း လိုက်ဖျက်ရတာလေ။ ဒါငါရဲ့ တာဝန်ပဲ။ မင်းမှားတိုင်း
ငါဖျက်ပေးတယ်။ ဘာမှ ဝမ်းနည်းစရာ မရှိဘူး။ မင်းအခုလို ဝမ်းနည်းနေတာမှ စိတ်ပျက်
ဖို့ကောင်းတာ။ ဘာမှ မစိုးရိမ်ပါနဲ ခဲတံရယ်။
( မိဘ ဟူသည်ခဲဖျက်နှင် တူသည်။ မိမိအမှားတစ်ခုလုပ်တိုင်း လိုက်လံဖြေရှင်းပေးရန်
အဆင်သင့်ရှိစမြဲ ဖြစ်သည်။ ယင်းသို့ ဖြေရှင်းပေးရင်း အားအင်များ ကုန်ခမ်းလာကာ
အရွယ်လွန်၍ အိုမင်း ကွယ်လွန်ကြရသည်။)
Take care of your Parents, treat them with kindness and most especially love them!
http://innewsmyanmar.blogspot.com/2012/10/blog-post_7.html
No comments:
Post a Comment