Powered By Blogger

Wednesday, 22 August 2012


ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)

ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)
               ဥရောပဘက်မှာတော့ သနားစရာ ငှက်ကလေးများလို တစာစာအော်ပြီး ကြက်တူရွေး များလို သည်မလွဲ အလွတ် ပြန်ရတဲ့ စာသင်နည်း မသုံးတော့ပါဘူး။ သင်ရိုးညွန်းတမ်းတွေကို ဘုရားဟောကျမ်းလိုမျိုး တစ်သက်လုံး ဦးထိပ်ပန်ဖို့ အာဂုံ ဆောင်ရတာကို စာသင်တယ် ခေါ် တာပါ။ တကယ်တော့ ပညာရေးလောကဟာ ရေသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေတဲ့ ရေရှင်ဖြစ်ပါတယ်။ မနေ့က သင်ရိုးထဲ ပါတဲ့ သီအိုရီတစ်ခုဟာ ဒီနေ့ ပြောင်းပြန် ဖြစ်သွားနိုင်လောက်အောင် အပြောင်း အလဲ မြန်ပါတယ်။
               သင်ရိုးတွေကို ခေါင်းပေါ် ရွက်မထား ဘဲ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ တီထွင်တတ်လာအောင် ပြုစုပျိုးထောင်တာဟာ ပညာသင်တာပါ။ ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာဖို့ မေးခွန်းမေးတတ်ဖို့၊ များများမေးတတ်ဖို့၊ ကိုယ်ပိုင်ဥာဏ် သုံးတတ်လာဖို့ ဆရာ ဆရာမရဲ့ တာဝန်ပါ။

နှမြောဖို့ ကောင်းတယ်
               ဒါကြောင့် ဥရောပမှာ “စာ” မသင်တော့ဘဲ “ပညာရေးစနစ်” ဆိုတဲ့အတိုင်း “ပညာ” တတ်အောင် လေ့လာချင်စိတ်တွေ၊ တီထွင်ချင်စိတ်တွေ လူသား အချင်းချင်း ကူညီချင်စိတ်တွေ ကိုယ့်အားကိုယ်ကိုးချင် စိတ်တွေ၊ အသားရောင် ခွဲခြားမှု၊ ဘာသာရေး အစွန်းရောက်မှု မရှိဘဲ ကိုယ့်မိဘမျိုးရိုးအပေါ် ဂုဏ်ယူချင်စိတ်တွေ ပြုစုပျိုးထောင်နေတာပါပဲ။
               စာသင်တယ်ဆိုတာ ဆရာ ဆရာမ အပေါ်ကို လုံးဝ မှီခိုရပါတယ်။ ပညာ သင်တယ်ဆိုတာကတော့ ကိုယ့်ကိုယ် ကိုယ် မှီခိုရပြီးတော့ ဆရာ ဆရာမက ဘေးက ထိန်းကျောင်းပေးရုံပါပဲ။ သင်ရိုး တွေကို အလွတ်ကျက်တဲ့ ကလေးတွေထက် သင်ရိုးကို ပြောင်းလဲပစ်နိုင်တဲ့ ကလေးတွေဖြစ်ဖို့ လိုပါတယ်။
               ဒါကြောင့် ကမ္ဘာအနှံ့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကတော့ ဘာတွေ တီထွင် လိုက်ပြန်ပြီဆိုပြီး နေ့စဉ်နီးပါး ကြားနေ ရပါတယ်။ ကျုပ်တို့ ကျောင်းသားများမှာတော့ မထွင်နိုင်ကြပါဘူး။ ၏သည် မလွဲအောင် စာတွေ ကုန်းကျက်နေရတာနဲ့  ကျန်တာ အချိန်မပေးနိုင်ပါဘူး။
               ဒီအကြောင်း စဉ်းစားမိရင် ကျုပ် ကျောင်းနေခဲ့တဲ့ ၁၄ နှစ်ဆိုတဲ့ အချိန်ကို နှမြောမိတယ်။ အမှန်ဝန်ခံရရင် အရည်မရ အဖတ်မရပါပဲ။ ဘယ်အချိန်လေးပဲ ဂုဏ်ယူ စရာရှိလဲဆိုတော့ နောက်ဆုံးနှစ် Finalမှာ စာတမ်း Thesis   တင်ဖို့ လက်တွေ့ ကွင်းဆင်းရတဲ့ အချိန်လေးပါပဲ။ Ichtheology (ငါးဗေဒ) အတွက် အင်းလေးကန်မှာ ကွင်းဆင်းကြရတာပါ။
               နဂိုပင်ကိုယ် စရိုက်ကလည်း လက်တွေ့သမား၊ ဌာနမှူးကလည်း ရေးဖြေ  ရမှတ်တွေ ပြလိုက်တဲ့အပြင် ကျုပ်က အဖွဲ့ခေါင်းဆောင် Team Leader အဖြစ် သွားရတာဆိုတော့ စိတ်ပါလက်ပါ ရှိခဲ့ပါတယ်။ စိတ်မပါရင်လည်း အဲဒီနှစ် ဘွဲ့ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဌာနမှူး ပြလိုက်တဲ့ ကျုပ်ရဲ့ရေးဖြေ ရမှတ်ပေါင်းက  ကျမှတ်တွေဖြစ်နေလို့ပါပဲ။ နောက်ဆုံး စာတမ်း  Thesis ကယ်လို့ ဘွဲ့တစ်လုံးတော့ ရခဲ့ပါရဲ့။ စိတ်နာနာနဲ့ တက်မယူခဲ့ပါဘူး။

 နှလုံးသားကိုပါ သင်ကြားနိုင်မှ
               ဘွဲ့ရလို့ အထက်တန်းပြဆရာ လေးနှစ် လောက်လုပ်ခဲ့တဲ့ အချိန်မှာ ဒီပညာရေး စနစ်အပေါ်မှာ တင်ခဲ့တဲ့ အကြွေးကို ကျကျနန ဆပ်တော့တာပါပဲ။ ကျောင်းသား တွေကို ဘယ်တော့မှ နှုတ်တိုက်ကျက်ဖို့ မတိုက်တွန်းဘူး။ စာအုပ်ကြည့်ပြီး မသင် တဲ့အပြင် စာအုပ်ထဲက အကြောင်းအရာ ကို အနှစ်ချုပ်လောက်ပဲ ပြောပြီး ဒီဘာသာရပ်ရဲ့ ဒီသင်ခန်းစာကို လူတွေ ဘာလို့ လေ့လာကြတာလဲ။ လူ့လောက အတွက် ဘယ်လို အကျိုးပြုနိုင်သလဲ ဆိုတာ အပြင်လောက ဗဟုသုတတွေ ဥပမာတွေ ပုံတိုပတ်စတွေနဲ့ ပြောပြတယ်။ သူတို့ကိုလည်း ၀င်ဆွေးနွေး ခိုင်းတယ်။ ၀ိဇ္ဇာကျောင်းသားတွေတောင် ကျုပ်ရဲ့ ဘိုင်အိုအတန်း (ဇီဝဗေဒသင်တန်း) ကို အားရင် လာနားထောင်ကြတယ်။
               အင်္ဂလိပ်စာသင်တော့လည်း မကျက်မဖြစ်တဲ့ vocabulary စကားလုံး ဝေါဟာရတွေလည်း အိမ်မှာ အကျက် မခိုင်းဘူး။ ဥပမာ “၇” လုံးရှိတဲ့ အင်္ဂလိပ် စာလုံးကို သင်ပုန်းပေါ် ရေးထားပြီး တစ်လုံးချင်းဖျက်ပြီး အတူတူကျက်ကြ တယ်။ သင်ပုန်းပေါ် ဘာမှမရှိတော့မှ သူတို့ကို စာအုပ်ထဲ ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်နဲ့တကွ ရေးအထည့်ခိုင်းတယ်။ လုံးဝ မတူဘူးဗျ။ သူတို့ရေးထည့်လိုက်တဲ့ စာလုံးဟာ ဆရာခေါ်တာ လိုက်ရေးတဲ့ စာလုံးနဲ့ အနှစ်အဓိပ္ပာယ် ခြားနားတယ်။ ကိုယ်ရပြီးသား ရေးတာမို့ ဆရာ့အမှီအခို ကင်းတဲ့ ကိုယ်ပိုင်စာလုံး ဆိုတော့ ဘယ်လောက်ကျေနပ် သဘောကျစရာ ကောင်းလဲ။ အောင်မြင်ပါတယ်။ ကျူရှင် မှာလည်း ကျောင်းသား အပြည့်အလျှံပါပဲ။ အဲ ကျောင်းအုပ် ကြီးနဲ့ ဆရာဟောင်း တွေကတော့ နည်းနည်း မျက်စိနောက်  တယ်။ ဒါပေမဲ့ ဘာမှတော့ ပြောလို့ မရဘူး။ ကျောင်းသားတွေဟာ အရင်ထက် လေ့လာချင်စိတ်တွေ များလာတယ်။ အတန်းမပျက်ချင်တော့ဘူး။ အောင်ချက် လည်း များလာတယ်။
               အမှန်ကတော့ ကိုယ်တုန်းကလို မဖြစ်စေချင်လို့ ရမ်းသမ်းလုပ်နေတာပါ။ နိုင်ငံတကာမှာ ပြောင်းလဲဆန်းသစ်နေပြီ ဖြစ်တဲ့ ပညာရေးစနစ် အကြောင်း သိလို့  မဟုတ်ပါဘူး။ တကယ်တော့ ကျုပ်ဟာ မျက်စိတွေ နားတွေ ပိတ်ထားတဲ့ ခေတ်ဆိုးကြီးထဲမှာ လျှာတစ်ချောင်းနဲ့ ရင်းပြီး ဘွဲ့ရလာတဲ့ ကြက်တူရွေးကြီး ဆိုရင် မမှားပါဘူး။
               ဥရောပက လူတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး သူများထက် သာစေရမယ် ဆိုတဲ့ စေတနာကြောင့် ထူးချွန်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဥပမာ သူတို့ဆီက ဆရာဝန်တွေဆိုရင် ဆေးပညာထူးချွန်တဲ့ အပြင် နှလုံးသားတွေ အရမ်းလှကြတာ လက်တွေ့ မြင်ခဲ့ရပါတယ်။ သူတို့ စာသင်ခန်းတွေ လိုက်ကြည့်ခွင့် မရပေ မယ့် ဆရာ ဆရာမ အစဉ်အဆက်တွေက လူသား အချင်းချင်းပေါ် နှလုံးသားလှဖို့ သိမ်မွေ့ဖို့ မေတ္တာ ထားဖို့ တစ်နည်းနည်းနဲ့ သင်ပေးလိုက်မယ် ဆိုတာတော့ မလွဲနိုင်ပါဘူး။

ကလေးတွေကို မသင်ခင်
               ကျောင်းတွေမှာလည်း ကျောင်းသား ဗဟိုပြုတဲ့ “စဉ်ဆက်မပြတ်” သင်ကြားမှု  အကြောင်းတွေ ကြားနေရတယ်။ B.Ed လို ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ် ကြီးလည်း ရှိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများ ကနေ ပညာရေးနဲ့ ပတ်သက်လို့ ဘွဲ့လွန် ယူလာတဲ့ ပညာရှင်များလည်း ရှိတယ် ဆိုတော့ မိဘတွေကော ကျောင်းသား တွေကော ပြောင်းလဲနေတဲ့ ကမ္ဘာ့ပညာ သင်ကြားမှုပုံစံကို သိပ်တော့ နားမစိမ်း လောက်ပါဘူး။ ဒါပေမဲ့ ပညာရှင် အများစု ဟာ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေကိုပဲ အားကိုးလွန်းတော့ အများနားလည်ဖို့ အများစိတ်ဝင်စားဖို့ အများကို ဆွဲဆောင်ဖို့ မထိရောက်လှဘူး။
               ကျုပ်တို့လို လူတွေက ဘာပညာရပ် ဆိုင်ရာ ဝေါဟာရမှသိမထား ကျက်မှတ် မထားတော့ အရပ်စကားနဲ့ပဲ ရှင်းပြ၊ သဘော ပေါက်ကြတယ်ဗျာ။ စာညံ့တဲ့ ကျောင်းသားချင်း ရှင်းပြတော့ ချက်ချင်း နားလည်သလိုပေါ့။
               ကျုပ်တို့ဆီမှာ ဘာဖြစ်လို့ ဆရာဖြစ် သင်တန်းတွေ ပေးနေတဲ့ကြားထဲက ဒုံရင်း ဆိုက်ပြီး မဲပြာပုဆိုး ဖြစ်နေတာလဲဆိုတာ ရိပ်စား မိတယ်ဗျ။ သင်တန်းပေးတဲ့အခါ လက်တွေ့နည်းပါးလို့လည်း ဖြစ်နိုင်ပါ တယ်။ လက်တွေ့ အကောင်အထည် ဖော်ရတဲ့ ဆရာ ဆရာမတွေ အနေနဲ့က ပုံစံသစ်ထက် ပိုလွယ်တဲ့ ပုံစံဟောင်းကို အားကိုးတယ်။ ပုံစံသစ်က စေတနာကော အင်အားကော ကိုယ်ဖိ ရင်ဖိစိုက် ထုတ်ရလို့ ဆရာတွေအတွက် ပန်ပန်းပါတယ်။ အလုပ် အကိုင် ရှားပါးတော့ ရွေးချယ်စရာ မရှိလို့ တချို့ ၀ါသနာမပါဘဲ ရရာအလုပ် ၀င်လုပ် ဖြစ်တာ လည်း ပါပါတယ်။ အရေးကြီးဆုံး ကတော့ လစာကမကောင်းတော့ ကိုယ့် အလုပ်ကိုယ် စိတ်မြှုပ်ပြီး မလုပ်နိုင်တာပါ။
               ဂျာမနီကို ကျုပ်ရောက်တော့ သူတို့ ဘာသာစကားကို အရင်ဆုံး လေ့လာ ပါတယ်။ မှန်းသလောက် မဖြစ်ပေမယ့် ဘာသာပြန်ဖို့ အသိအမှတ်ပြုတဲ့ အောင် လက်မှတ် ရခဲ့ပါတယ်။ ဒါနဲ့ အလုပ် ပိတ်ရက်တိုင်းမှာ အိမ်နီးချင်းမိတ်ဆွေ တစ်ယောက်ရဲ့ သမီး “ထူးအိမ်ကျော်” ကို ဂျာမန်စာ၊ ဂျာမန်စကားနဲ့ သဒ္ဒါသင်ပေး  ရပါတယ်။ သူက ကိုးတန်းပါ။ ဒီကလေး ဆီကနေပြန်ပြီး လေ့လာခွင့် ရခဲ့တာက ဥရောပ ပညာရေးစနစ်ပါ။ သူတို့ကျောင်းက ဆရာမတွေနဲ့ပါတွေ့ထိ ရင်းနှီးခွင့်ရခဲ့ပါ တယ်။ ကျုပ်တို့ဆီက ပညာရေးနဲ့ မတူတာ တွေ အရပ်စကားနဲ့ ရှင်းပြပါမယ်။
               ကျောင်းသား မိဘတွေ အပိုင်းက စပြောရရင် တစ်ရက် ရန်ကုန်မြို့ထဲ (ကျန်တဲ့မြို့လည်း အတူတူပါ) လူတွေ အုံနေလို့ မီးလောင်တာ များလား အောက်မေ့တယ် မိဘတွေ ကလေး ကျောင်းအဆင်း လာကြိုကြတာတဲ့ဗျာ။ ဘယ်သူများ စထွင်လိုက်လဲ မသိပါဘူး။ သိပ်ဆိုးတဲ့ အကျင့်ကြီးပါဗျာ၊ အားအား ယားယား။ ဥရောပက ကလေးတွေ ကိုယ့်ကျောပိုးအိတ် ကိုယ်လွယ်ပြီး ကျားကျားယားယား ကိုယ့်လမ်း ကိုယ် လျှောက် ကျောင်းတက်၊ ကျောင်းပြန် ကျုပ်တို့ဆီမှာ အဲဒီကစပြီး မှားတော့ တာဗျို့။ ကလေးချင်း ယှဉ်လိုက်ရင် မ၀ံ့မရဲ နဲ့။ နောင်တစ်ချိန် ခေါင်းဆောင်ဖြစ်မယ့် ကလေးတွေပါ။ သမ္မတချင်း ယှဉ်ရင်တောင် သူတို့ သမ္မတက ၀ံ့ဝံ့ကြွားကြွား။ ကိုယ့် သမ္မတက ကျို့ကျို့ယို့ယို့ (အခု သမ္မတကြီးကို မဆိုလိုပါခင်ဗျာ) ဖြစ်နေမှာပေါ့။ နောက်ပြီး မတူတာတစ်ချက် အသေး အဖွဲပေမယ့် အရေးကြီးပါတယ်။ သူတို့ ဆီမှာ ဘယ်မိဘမှ ကိုယ့်ကလေး လဲကျ သွားရင် ထူမပေးပါဘူး။ လှည့်တောင် မကြည့်ဘူး။ ကိုယ့်ဘာသာကိုယ် ထကြ ရတဲ့အကျင့် လုပ်ထားပါတယ်။ (ကျုပ်တို့ ဆီမှာကျတော့ ကြီးမှ ကိုယ်ထူကိုယ်ထ ကျင့်ကြရပါတယ်)
               မိဘတွေ ဆရာတွေက ကလေးများ ကို ခြောက်လှန့်ခြင်း ကြိမ်းမောင်းခြင်း နည်းတဲ့အတွက် ကလေးများဟာ ခွင့်ပြုထား တဲ့ ဘောင်ထဲမှာ အကြောက်အလန့် ကင်းပါတယ်။ လွတ်လပ်တယ် ကျယ် လောင်တယ် မမှန်ကန်ဘူးထင်ရင် အရေး ဆိုတတ်တယ်။ ဥပမာ ကလေးတစ်ယောက် က ဆရာမ အိမ်စာပေးတာများ လွန်တယ် လို့ ကန့်ကွက်ခဲ့ရင် သူပြောတာလည်း မှန်နေတယ်ဆိုရင် ဆရာမက အိမ်စာ ပြန်လျှော့ပေးရပါတယ်။ ငါဆရာမပဲ ဆိုတဲ့ စိတ်နဲ့ မဖိနှိပ်ပါဘူး။ ကျောင်းက ကလေး တွေ ကိုယ့်မျိုးရိုးကိုယ် ချစ်တတ်ဂုဏ်ယူ တတ်လာအောင် သင်ပေးပါတယ်။ သင်ပေးနည်းက ကိုယ့်လူမျိုးရဲ့ စားမှု၊ နေမှု၊ ၀တ်မှု၊ ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့ ပန်းချီ၊ ပုံနှိပ်၊ တံဆိပ်ခေါင်းကအစ ပြခန်း အသေးလေးကို အပြခိုင်းပါတယ်။
               ကျောင်းစာအုပ်ထဲက ဇာတ်လမ်းကို ဇာတ်ညွှန်းခွဲခိုင်းတယ်။ ဇာတ်ဩန်းကို ဇာတ်လမ်း ပြန်လုပ်ခိုင်းတယ်။ ဇာတ်ကောင်တွေ   နေရာ ခွဲဝေပြီး အမူအရာ နဲ့တကွ ဇာဝင်စကားတွေ အပြောခိုင်း တယ်။ တကယ် ပြဇာတ်ကကြရတယ်။ ဒီသင်ခန်းစာနဲ့ ပတ်သက်တဲ့ ရုပ်ရှင် ပြဇာတ်လာရင် တစ်တန်းလုံး သွားကြည့် တယ်။ ဂီတလည်း သင်ရပါတယ်။ အမှတ် ပေးစနစ်က စဉ်ဆက်မပြတ်ပါပဲ။ ကြက်တူ ရွေး နှုတ်တိုက် အားမပေးပါဘူး။ မေးခွန်း ပုံစံတွေကလည်း ကြက်တူရွေး နှုတ်တိုက် ကို ရှောင်ပါတယ်။ အမှားအမှန် ခြစ်ပေးရ တာ၊ အုပ်စု ၂ ခုထဲက စာကြောင်းတွေ ဆက်ပေးရတာစတဲ့ အလွတ်ကျက်ထား တာ မဟုတ်ဘဲ တကယ်တတ်တဲ့ သူတွေပဲ  ဖြေနိုင် မယ့် မေးခွန်းပုံစံတွေပါ။ စာတစ်မျိုး တည်းသင် အမှတ်ပေးတာ မဟုတ်ပါဘူး။ အားကစားမှတ်။ အချင်းချင်း ရိုင်းပင်း ကူညီတဲ့ အမှတ်။ လေ့ကျင့်ခန်းတွေကို မှန်မှန် လေ့ကျင့်တဲ့အမှတ်။  ကျောင်းခေါ် ချိန်ရမှတ် စုံအောင် ပေးထားတာပါ။ စိတ်ဝင်စားစရာ ကောင်း တာက ကလေး တွေဟာ တက်ကြွပြီး ပျော်နေတယ်။ ကျောင်းကို အိမ်ထက်ခင်ပြီး ဆရာမ တွေကို မိဘထက် ပိုရင်းနှီးနေတာ ပါပဲ။ ကျောင်းသားတွေ စကားနည်းရင် မကြိုက် ပါဘူး၊ မေးခွန်းများများ မေးတာကို ကြိုက် ပါတယ်။ စိတ်ရှည်ရှည်နဲ့ ဖြေကြပါ တယ်။               ကျောင်းပိတ်ရက်မှာ ကိုယ်ဝါသနာ ပါရာ အလုပ်နှင့် အသီးသီး အလုပ်သင် ၀င်လုပ်ရင်း အတွေ့အကြုံ ယူရပါတယ်။  လုပ်ခ ရတယ်၊ လက်မှတ်ရတယ်။ မကြာ ခဏ ပြည်တွင်းပြည်ပ လေ့လာရေးခရီး ထွက်ရပါတယ်။ မီးသတ်ကြက်ခြေနီ လူမှုရေး အလုပ်တွေမှာ လက်တွေ့ ၀င်လုပ် ကြရပါတယ်။ လမ်းစည်းကမ်းကို စက်ဘီး နဲ့ သင်ကြရပါတယ်။ လိင်မှု ဆက်ဆံရေး မှာလည်း သူ့အတန်းအလိုက် သိသင့်တာ မမှားသင့်တာတွေ သင်ပါတယ်။ သူတို့ရဲ့ ဂျာမန်ဘာသာအပြင် တခြား ဥရောပ နိုင်ငံတစ်ခုခုရဲ့ စာကို သင်ရပါတယ်။   မြန်မာကလေးတွေက အင်္ဂလိပ်စာပဲ ယူကြပါတယ်။
               ကဲ၊ ဒီတော့ ဘယ်က စကြရမှာလဲ ဆိုတော့ ကလေးလေးတွေကို မသင်ခင် ဆရာ ဆရာမတွေကို သဘောပေါက်အောင် သင်ရမှာပါ။ ဒီတိုင်းသင်တန်းပဲ ပေးလို့ မရပါဘူး။ စီမံကိန်းတစ်ခု ရေးဆွဲရပါမယ်။ အကောင်အထည်ဖော်ဖို့ ရှေ့ပြေးနေတဲ့ နိုင်ငံတွေက expert တွေ (ကျွမ်းကျင် သူတွေ) ငှားရပါမယ်။ expert တွေကနေ တာဝန်ရှိသူတွေကို လက်တွေ့သင်တန်း ပေးမယ်။ တာဝန်ရှိ သူတွေကမှ အဖွဲ့ငယ် တွေခွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် မြို့နယ် ကျေးရွာအထိ ကွင်းဆင်း ပြီး အနည်းဆုံး ၂ ပတ်ကြာ ဆရာ ဆရာမ တွေကို လက်တွေ့ သင်ကြားပေးမယ်။ ဆရာ ဆရာမတွေကိုတော့ ကျောင်းသား တွေကိုပါ နားလည် သဘောပေါက်အောင်   ဟောပြော ပြသပေးဖို့ လိုပါတယ်။ ဒါကတော့ အရပ်သားတစ်ယောက်ရဲ့ အရပ်အမြင်နဲ့ အကြံပြုချက်ပါပဲ။
               အရေးကြီးတာက ဆရာ ဆရာမ တွေကို အရင်လို သင်္ကြန်အမြောက်ပစ်တာ မျိုး မဟုတ်ဘဲ တစ်မျိုးသားလုံး အတွက် အရေး ကြီးဆုံး အလုပ်ဖြစ်တဲ့ အကြောင်း သဘောပေါက်သွားစေဖို့ပါပဲ။ မြန်မြန် အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။ 

ကောင်းဆက်နိုင်
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၁၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၅)




                                                                                                                                                   

Thursday, 16 August 2012


If you think setting up dominoes takes talent, take a look at this...



ONE SNEEZE AND IT'S 'SCRAMBLED EGGS'. ...
Views: 3

အဖေများနေ့အတွက်အမှတ်တရလေးပါ။


အဖေများနေ့အတွက် အမှတ်တရလေး ပါ။ အားလုံး မိဘမေတ္တာရိပ်အောက်မှာ နွေးထွေးပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နေ၀န်းနီနီ

Views: 3

Saturday, 21 July 2012

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု


ဝက်ခြံထွက်သူများ အတွက် .......

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ

ပြုလုပ်နည်း
-ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။


ပင်စိမ်းရွက် တိုနာ ......
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊
ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။
( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )
Photo: ဝက်ခြံထွက်သူများ အတွက် ....... ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။ ပါဝင်ပစ္စည်းများ -ဘီယာချက်ရာတွင် သုံးတဲ့တစေး -လီမွန်သီး အရည်၊ -ရေ ပြုလုပ်နည်း -ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။ ပင်စိမ်းရွက် တိုနာ ...... ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။ ပါဝင်ပစ္စည်းများ -ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊ -ရေနွေးတစ်ခွက်၊ ပြုလုပ်နည်း -ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။ ( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )
4

အသားအရေအမျိုးအစားအားလုံးအတွက် မျက်နှာပေါင်းတင်နည်းများ


သူငယ်ချင်းရဲ့ အသားအရေက ခြောက်သွေ့နေလား၊ အဆီပြန်နေလား၊ ပေါင်းစပ်အသားအရေလား၊ ဆဲလ်အသေတွေကြောင့် ညိုညစ်နေလား၊ ၀က်ခြံတွေနဲ့လား၊ အရေးအကြောင်းတွေပေါ်နေတဲ့အသားအရေလား?? စိတ်မပူပါနဲ့။ အားလုံးအတွက် ပေါင်းတင်နည်းကိုယ်စီရှိပါတယ်။ လုပ်ကြည့်ပါဦးနော်။

ခြောက်သွေ့တဲ့အသားအရေ
Avocado honey mask
ကြိတ်ချေထားတဲ့ထောပတ်သီးနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း၂ဇွန်းစာစီရယ်၊ ကြက်ဥအနှစ်တစ်လုံးရယ်ကို သေချာရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်၂၀ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ 


အဆီပြန်တဲ့အသားအရေ
Lemon Egg Mask
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး အမြှပ်ထွက်အောင် ခေါက်ထားတဲ့ကြက်ဥအကာနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

Stawberry honey cream mask
အမှည့်လွန်နေတဲ့ အရွယ်တော်စတော်ဘယ်ရီသီး ၄လုံး၊ အစိုဓာတ်ထိန်းခရမ် (နှစ်သက်ရာ) လက်ဘက်ရည်ဇွန်း
၂ဇွန်း၊ ပျားရည်လက်ဘက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ပေါင်းစပ်အသားအရေ
Cucumber Yogurt Mask
သခွားသီး အရွယ်တော်တစ်ခြမ်းကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သေချာရောမွှေပေးပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဆဲလ်သေတွေနဲ့ ညိုညစ်နေတဲ့အသားအရေ
Papaya Mask
သဘောင်္သီးတစ်လုံးကို အခွံခွာပြီး အစေ့တွေကို ဖယ်ထားပါ။ အသားကို ကြိတ်စက်ထဲထည့်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာအနှံ့လိမ်း လိုက်ပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဝက်ခြံရှိတဲ့အသားအရေ
Apple Honey Mask
အရွယ်တော်ပန်းသီးတစ်လုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ပျားရည်စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အရေးအကြောင်းရှိတဲ့အသားအရေ
Banana Mask
ငှက်ပျောသီးတစ်လုံးရဲ့လေးပုံ၁ပုံကို ချေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၂၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


Helpful Hints

- သစ်သီးတွေဟာ အသားရေအတွက် အကောင်းဆုံးအရာတွေပါ။ အသားအရေကို ၀င်းလက်စိုပြေစေပြီး နုပျိုလန်းဆန်းစေတဲ့ သဘာဝရဲ့လက်ဆောင်တွေပါ။ 

- ပေါင်းတင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးရင် အသားအရေပိုမိုနူးညံ့ချောမွတ်စေပြီး ပေါင်းဆေးရဲ့အာနိသင်လည်း ပိုထိရောက်ပါတယ်။

- ပေါင်းတင်တဲ့အချိန်မှာဖြစ်ဖြစ်၊ မျက်နှာပေါ်မှာတစ်ခုခုလိမ်းနေတဲ့အချိန်မှာဖြစ်ဖြစ် အားနဲ့ပွတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ အရေပြားဆဲလ်လေးတွေပျက်စီးပြီး စပ်ဖျဉ်းဖျဉ်းလေး ဖြစ်လာနိုင်ပါတယ်။

- တစ်ပါတ်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေပြဿနာတွေ တဖြည်းဖြည်းနဲလာပြီး ဇရာကိုလည်း နှေးစေပါတယ်။

- ပေါင်းတင်ပြီးအသားအရေက အရမ်းကိုနုပြီး နေလောင်ဒဏ်ကို ပိုခံရနိုင်လို့ ၁ ရက်လောက် နေပူဒဏ်က ပိုပြီးသေချာကာကွယ်သင့်ပါတယ်။ကဲ သူငယ်ချင်းတို့ ဘယ်အသားအရေရှိရှိ စိတ်ပူစရာမလိုတော့ဘူးနော်…
193 ယောက်ကြည့်သွားပါသည်။
ခေါင်းစဉ်ခွဲ : ကျန်းမာရေးဗဟုသုတမျှဝေ

Monday, 2 July 2012


.ယောက်က်ျားလေးများအားသတိပေးချက်

(၁၀)ချက်



၁။ အရမ်းတော်တဲ့မိန်းကလေးဆိုရင် အရမ်းမချောဘူး၊ ချောပြန်တော့လည်း
မတော်ပြန်ဘူး၊ ချောလည်းချော တော်လည်းတော်ပြန်တော့
သူရဲ့အကျင့်ကသင့်ကိုစိတ်ကုန်စေတယ်။ မိန်းကလေးတွေလည်း
ယောက်ျားလေးတွေလိုပါဘဲ ပြည့်စုံတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ။

၂။ မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်က ကိုယ့်ကိုချစ်တယ်မချစ်ဘူး ဆိုတာ
ဘယ်သိပါ့မလဲ။ ဘယ်လိုပဲပြောပြောနတ်သမီးမဟုတ်ဘူး မိန်းကလေးကမိန်းကလေးပါပဲ
ဘယ်လိုသိနိုင်မလဲ။

၃။ သူချွဲနွှဲ့ပြောရင် လျစ်လျှူရှူထားမယ်ဆိုရင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်။

၎။ သူရဲ့နူးညံ့သိမ်မွေ့တဲ့အချက်လေးတွေကို ဖော်ထုတ်ပြီး အရေးပေးပါ။

၅။ အင်္ကျီသစ်ဝတ်ချိန်မှာ၊ သင့်လျော်သလိုမြောက်ပြောပေးပါ။ မလုံ့တလုံတွေ
ဝတ်ရင်လည်း ဒါမ၀တ်ရဘူးဆိုပြီး အတင်းမပြောပါနဲ့ ဒီအင်္ကျီငါ့အရှေ့မှာပဲ
ဝတ်ရမယ်လို့ပြောရင် မိန်းကလေးတွေ နားလည်ပါတယ်။

၆။ မိန်းကလေးမှာလဲ မာနရှိတာမို့ ငါ့အလုပ်လာမရှုပ်နဲ့ဆိုပြီးမဟောက်ပါနဲ့။

၇။ သူတစ်ယောက်တည်းနေနေတဲ့အချိန်မှာ နင်ဘာဖြစ်နေတာလဲ ဆိုပြီးမမေးပါနဲ့
personal space လေးထားပေးပါ။

၈။ သူ့မှာလဲယောက်က်ျားလေးသူငယ်ချင်းရှိပါတယ်။ မိန်းကလေးတွေဟာ
ချစ်ခြင်းနဲ့ ခင်မင်ခြင်းကို ပိုခွဲခြားတတ်ပါတယ်။

၉။ တစ်ယောက်တည်းအပြင်မသွားပါနဲ့ ဘယ်လောက်ပဲ ယုံကြည်ချက်ရှိတဲ့မိန်းကလေးပဲ
ဖြစ်ဖြစ် စိတ်အားငယ်တတ်ပါတယ်။

၁၀။ သ၀န်တိုတာဟာမိန်းကလေးရဲ့သဘာဝပါ။ ဒါပေမဲ့ သ၀န်တိုတာများသွားရင်
သူနာကျင်ခံစားရလိုက်မယ်။ သူ သင့်ကိုဘယ်လောက်ပဲချစ်ချစ်
သင့်အနားကသူထွက်ခွါလိမ့်မည်။



ယောက်က်ျားလေးများအား ခွင့်လွတ်သင့်သောအချက် (၁၀) ချက်



၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့
သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။
ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကို
အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ
သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား
"သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က
ဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင်
လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White
lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။

နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။



--
Don't wake up. Keep dreaming and your dream will come true.

Yours joe

Flash သီချင်းလေးတွေ နားဆင်ကြမယ်...


CLICK IN BELOW LINK....


ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုးအရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူးဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေလမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေသင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုးငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည်ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုကအာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ အချိန်လွန်ငှက် ဝေးပြီးတဲ့နောက်အရေးမကြီးပါဘူး ရိုးရှင်းသောဘ၀ရဲ့ပျော်ရွင်မှု ဒီတညတော့ သက်တန့်ပုံပြင် အလင်းရောင် ခွင့်လွှတ်ပါတော့ဟင့်အင်းအမေကဆူလိမ့်မယ် မြန်မာမလေး တခါထဲချစ်ချင်လို့ပါ လွမ်းနေပြီ နေပါစေ ဓာတ်ပြားဟောင်းထူးဆန်းလွန်းတဲ့အချစ်   ပြော   ကြွေသူနှစ် ကောက်သူတစ်



    တောင်ပေါ်သူစစ်စစ်ပါ 
      ရိုးရိုးသားသားဘဲ
         မုန့် ညှင်းဘဲစိုက်တာ
             ဘိန်းထွက်လာတာတော့ သိဘူးလေ..အဟိ


tag from forward mail...