Powered By Blogger

Sunday 28 July 2013

*** မိသားစု တန်ဖိုး ***

ထိုနေ့ က ဆောင်း ည10နာရီမှGuide လုပ်လို့ ပြီးတယ် ..10ခွဲမှ အိပ်ပြန်ရောက်တယ်။

ထမင်းစားမလို့ ပြင်တုန်း မီးပျက်သွားတယ်..မီးအိမ်ထွန်းရင်းထမင်းစားနေလိုက်တယ်...

ထမင်းစားပြီးတော့ မနက်ဖြန်ဖြေ မဲ့ Poetry ကိုဖတ်နေလိုက်တယ် ...

9တန်းညီမလေးတစ်ဝမ်းကွဲက အခန်းထဲဝင်လာတယ်

" မမ ကိုကြီးက မီးအိမ်ပေးအုန်း တဲ့ "

" မမ ထမင်းစားနေတယ် လို့ ပြောလိုက် နောင့် "

ညီမလေး ကထွက်သွားတယ် ။ သိပ်မကြာဘူး အကိုက မီးအိမ်ကိုယ်တိုင်လာယူရင်းပြောတယ်

" ငယ်လေး မီးအိမ်ယူမယ် ကိုကြီးမိန်းမ ကမှောင်ရင်မနေတတ်ဘူး ယူသွားပြီနော် "

လို့ ပြောလည်းပြော မီးအိမ်ယူရင် ထွက်သွားတယ် ...

ဆောင်းခုမှ ညစာစားနေတာကို မမြင်တာလား ...မသိချင်ယောက်ဟန်ဆောင်သွားတာလား..

အမ အမှောင်ကြောက်တတ်တာ က ညစာမစားရသေးတဲ့ ဆောင်းထက်...

အရေးကြီးနေလို့ လား...စဉ်းစားရင်စားနေတဲ့ ထမင်းပန်းကန်ကို ပြန်သွားထားလိုက်

တယ် ဒေါသကတော့တော်တော် ထွက်နေတယ် ...မနက်ဖြန်ဖြေရမဲ့ poetry စာအုပ်

ကိုလည်း ဆက်မဖတ်ဖြစ်တော့ဘဲ စာကြည့်စားပွဲ ပေါ် ပြန်ချထားလိုက်တယ်...

ဗိုက်ဆာနေတဲ့ စိတ်လည်း ဒေါသနဲ့ ပျောက်နေတယ်...

ဒီ လူနှစ်ယောက်နဲ့ ပတ်သတ်ပြီး ကိုယ်ခဏခဏ ဒေါသဆွခံရတယ်..

ခုတစ်ခါ..ဒေါသထွက်တာ ...တော်တော်ကို ပြင်းတယ်...

အဲ့ နေ့ တစ်ညလုံး နားလည်လို့ မရတဲ့  ကိုကြီးအကြောင်းစဉ်းစားနေရင်း...

တစ်ညလုံးအိပ်မပျော်ခဲ့ရဘူး......အိပ်မရခဲ့ဘူး...

ငယ်ငယ်က ဖတ်ဖူးတဲ့ ၀ိဇ္ဇာ စာအုပ်လေးထဲက စာသားတစ်ချို့ ကို လည်း အမှတ်ရမိတယ်။

"ကျွန်တော့် သားဟာမိန်းမ မရခင်တော့ ကျွန်တော့်သားပါပဲ မိန်းမရပြီးသွားရင်တော့

ကျွန်တော့်သား မဟုတ်တော့ဘူး ဘာလို့လည်းဆိုတော့ သူအိမ်ထောင်ဦးစီး

တစ်ယောက်ဖြစ်သွားလို့ ပဲ " ဆိုတာလေးကို ဆောင်း က...

"ကျွန်မ အကိုဟာမိန်းမ မရခင်တော့ ကျွန်မအကိုပါပဲ မိန်းမရပြီးသွားရင်တော့

ကျွန်မ အကိုမဟုတ်တော့ဘူး ဘာလို့လည်းဆိုတော့ သူအိမ်ထောင်ဦးစီး

တစ်ယောက်ဖြစ်သွားလို့ ပဲ " ဆိုပြီး ရေရွှတ်ရမလားဘဲ ကိုကြီးရေ...။

ခုကိစ္စနဲ့ ပတ်သတ်ပြီး ဆောင်း ဒေါသထွက်လွန်းလို့  ကိုယ့်ကိုကိုယ်ထိန်းရင်

နားလည်ပေးနိုင်မဲ့ အဖြေကို ရှာတယ်....

တစ်အိမ်လုံးဘယ်သူ့ ကိုမှ စကားလည်းမပြောမိဘူး ...

ပတ်ဝန်းကျင်ကိုလည်း ခဏမေ့ပြီး ...ဒီကိစ္စကိုပဲစဉ်းစားနေမိတာ

ဘယ်လောက်တောင်လည်းဆိုရင် ကျောင်းသွားတာ လမ်းတစ်ဝက်ရောက်မှ

လွယ်အိတ်မပါလာဘူး ဆိုတာသိလို့ အိမ်ပြန်ယူရသည်ထိပဲ....

တစ်ပတ်ကျော်ကျော်ထိ အိမ်ကလူကြီး လူငယ်ဘယ်သူ့ကိုမှလည်း စကားမပြောမိပဲ

တစ်ယောက်ထဲ ထိုအကြောင်းမရာကိုပဲ တွေးနေမိတယ်...

ကျောင်းသူကျောင်းသားတွေကိုလည်း စာသင်တာ ခဏနားထားလိုက်မိတယ်...

သင်တန်းတော့ တက်တယ် စိတ်မပါဘူး....

တစ်နေ့ သင်တန်းမှာ သင်ရတဲ့ အကြောင်းအရာ ခေါင်းစဉ်က...

"လောဘ၊ဒေါသ၊မောဟ" အကြောင်းအရာကို သင်ရတယ်

"လောဘ၊ဒေါသ၊မောဟ" ဒီသုံးခုဟာ ငရဲကို သွားရမဲ့ ၀င်ပေါက်တွေဖြစ်တယ်ဆိုတဲ့အကြောင်းကို သင်တော့မှ

ဆောင်းနည်းနည်းလေး...နားလည်လာတယ်...

ပြီးတော့ ဆရာကြီး ဒေါက်တာ နန္ဒသိန်းဇံ စာအုပ် လေး

ခုလက်ရှိ E major Final မှာ သင်နေရတဲ့ " The pearl "

ဝတ္ထုတိုလေးမှာ Kino ဟာ သူ့  ပုလဲကို ဈေးကောင်းရစေလိုတဲ့လောဘ ကြောင့်

ဒေါသဖြစ်ပြီးခိုက်ရန်ဖြစ်ပွားတယ် နောက်ဆုံး သူ့ သားလေးသေသွားတယ်။

ဒေါသ ဟာ ဘာမှကောင်းကျိုးမရှိဘူးဆိုတာကို ပိုပြီးသိလိုက်ရတယ်...

ဒေါသကြောင့်အမှားတွေပဲ ရမယ်ဆိုတာ သိလိုက်ချိန် ...

ကိုယ့်အကိုပဲဆိုပြီးနားလည် ခွင့်လွှတ်ပေးခဲ့ဖူးတယ်...။

************************************

တစ်နေ့ အခန်းထဲမှာ စာဖတ်နေရင်း ယောက်မ၀င်လာတယ်

" ကျောက်ပျဉ်ခဏယူသုံးမယ်နော်" ဆိုတော့

"ဟုတ်ကဲ့ ယူသွားလေး အမ ရတယ် မျက်နှာဘဲလိမ်းနော်..." လို့ မှာလိုက်သေးတယ်

နောက်တစ်နေ့ လည်း ယူသုံးတယ် ....

တစ်နေ့ ....ထိုနေ့ .....သင်တန်းကနေပြန်လာတဲ့နေ့ ....

ယောက်မက ကျောက်ပျဉ်မှာ တစ်ခုခုကိုသွေးပြီး သူ့ ခြေထောက်အနာကို လိမ်းနေတယ်...

သွားပြီး...မေမေ...သွားပြီး...ဒီကျောက်ပျဉ်လေး....

ပစ္စည်းတစ်ခုကို ဆောင်းတပ်မက်တာမဟုတ်ဘူး...

တန်းဖိုးထားခဲ့တာ...တယုတယကို တန်းဖိုးထားခဲ့ရတဲ့ ကျောက်ပျဉ်လေး

ကျောက်ပျဉ်တစ်ချက် ရဲ့တန်ဖိုး ဘယ်လောက်မှ မရှိပေမဲ့

ဆောင်း ကျောက်ပျဉ်လေးက

ရောဂါသည်သူငယ်ချင်းလေး...သူကိုယ်တိုင် အမြဲသွေးကင်ဆာရောဂါကြောင့် နေမကောင်းဖြစ်နေလျှက်နဲ့ 

ဆောင်း မွေးနေ့ မှာ ...သူကိုယ်တိုင် ပူအိုက်လွန်းတဲ့ အညာမြေမှာကိုယ်တိုင်ကျောက်ပျဉ်လုပ်တာလေးကို သင်ယူပြီး

ကိုယ်တိုင်လုပ်ယူပေးခဲ့တဲ့ မေတ္တာစေတနာ အပြည့်အ၀ နဲ့သွန်းလုပ်ထားတဲ့

ကျောက်ပျဉ်လေးပါ ဆောင်း နေ့ စဉ်သနပ်ခါး လိမ်းတာကို သိလို ...

တန်ဖိုးရှိရှိ တန်ဖိုးထားထား နဲ့  နှလုံးသားလှတဲ့သူက ပေးခဲ့တဲ့ကျောက်ပျဉ်လေး

သူကိုယ်တိုက်သေဆုံးမဲ့နေ့ ကို ကြိုသိနေတဲ့ 

လူသားတစ်ယောက်က လုပ်ပေးခဲ့တာပါ....

ဆောင်း ထိုမြင်ကွင်း (ခြေထောက်ကအနာကို ဆေးထည့်နေတဲ့မြင်ကွင်းလေး)

ဘေးမှာ အသက်ရှုသံတွေခတ္တရပ်သွားပြီး.....ဒေါသတော့မထွက်ခဲ့ပါဘူး...

အသဲကွဲသွားသလိုပဲ.....

ကိုယ်ရင်ကိုတစ်ယောက်ယောက်က ဓါးနဲ့ မွှန်းသွားသလို ....ခံစားလိုက်ရတယ်...

ဆောင်း....ဘာနဲ့ ဖြေဆည်ရမှန်းမသိဘူး....

ဖြေဆည်ရာ ဆိုတဲ့ ဆရာကြီး ဒေါက်တာနန္ဒသိန်းဇံ စာအုပ်ဖတ်တုန်းက..

လူတွေအားလုံးသေရမယ် သေရင်ကိုယ့် နောက်ဘာမှမပါဘူး...

ခုရှင်ကွဲကွဲနေရမယ်ဆိုရင်တောင် တစ်ချိန်သေကွဲကွဲရမယ်...

ကိုယ်သေရင် ဘာမှမပါနိုင်တဲ့ဥစ္စာ ပစ္စည်းတွေဘာတစ်ခုမှ မပါဘူးဆိုတာလေး...

ကိုယ်တွေးမိတဲ့ ထိုအတွေးလေးလည်း မပျောက်မိဘူး....

သေရင်မပါနိုင်တဲ့..ဒီကျောက်ပျဉ်လေးကို ပေးခဲ့သူက မေတ္တာတရားတွေပါတယ်...

ဒီမေတ္တာတရားတွေကို တစ်ယောက်ယောက်က ခြေနဲ့ နင်းသွားသလို ခံစားရတယ်....

ဆောင်း...ဒေါသထွက်မိတာမဟုတ်ဘူး.....

ကိုယ့်အတွက်ဒီလောက်တန်ဖိုးထားရတဲ့ပစ္စည်းတစ်ခု ကိုယ့်ကိုမေတ္တာထားသူရဲ့ မေတ္တာတရားကို ...စော်ကားခံလိုက်ရတာ....

ဒီကျောက်ပျဉ်လေး .....အတွက်တစ်ခုခုကို အလျော်အစားပြန်လို ချင်မိတယ်...

ကလှည့်စားချေတာတော့မဟုတ်ဘူး...

ဘ၀မှာ ဘယ်လို အရာတွေက လူသားတစ်ယောက်အတွက် အရေးကြီးတယ်ဆိုတာသိစေချင်တယ်...

လူသားတစ်ဦးရဲ့ မေတ္တာစေတနာကို စော်ကားသွားတာကို တစ်ခုခုကိုသိစေလိုတယ်..။

(ဒီနေရာမှာ ကျောက်ပျဉ်ကိုစကတည်းက ယူသုံးစေလို့ ဆောင်းမှားတယ်လို့ 

စာဖတ်သူ မထင်မိပါစေနဲ့ ...ကျောက်ပျဉ်ဆိုတာ မျက်နှာကို သနပ်ခါးလိမ်းဖို့ အတွက်ပါ

ဒီလို သနပ်ခါးလိမ်းဖို့ အတွက်ဆို မည်သူမဆိုလိမ်းလို့ ရပါတယ်...အဲ့လောက်ထိတော့

မတွန့် တိုတတ်ပေမဲ့ ...ဖြေထောက်နဲ့လိမ်းရင်တော့...စေတနာပျက်ပါတယ်။

သက်ဆိုင်သူကိုယ်တိုင် မည်သူ့ကိုမဆို သနပ်ခါးလိမ်းခွင့်ပြုထားတယ်။)

ဒီကျောက်ပျဉ်လေးနဲ့ ပတ်သတ်ပြီး ဆောင်း တောင်းခဲ့တဲ့ လျှော်ကြေးသိပ်ကြီးခဲ့သလို

လူတကာက ဆောင်းမှားတယ်လို့ ထင်နေလည်း ...

ဆောင်းကတော့ မှန်တယ်ဆိုပြီး လုပ်ခဲ့တာပါ...

အဲ့ဒီ့ အတွက် ဘယ်တော့မှ နောင်တမရခဲ့ဘူး....ခုကော...နောင်ကော...မရစေရဘူး..

လျှော်ကြေးက...

ဆောင်းတို့ အိမ်မှာနောက်ထက်ကျင်းပ ဖြစ်ခဲ့တဲ့ ကိုကြီးရဲ့ ....

မင်္ဂလာပွဲကို အခန်းတံခါးပိတ်ပြီး တက်ရောက်ပေးခြင်းမရှိခဲ့တာပါ....

ဆောင်း ဟာ ဘယ်လိုနေရတွေမှာ အရေးပါတယ်ဆိုတာသိစေချင်လို့ ..

တန်ဖိုးထားတတ်စေချင်တယ်...

မီးအိမ်ယူသွားလို့ စိတ်မဆိုးခဲ့ဘူး....

မွေးစားဖေဖေ သေတာကို " သေတာလည်း ကောင်းပါတယ် " လို့ ပြောခဲ့တာကို ဒေါသကို နားလည်မှုနဲ့ ငြိမ်းသတ်ပေးခဲ့တယ်...

ခုတစ်ခါမှာတော့...20 % က ကျောက်ပျဉ်အတွက်လျှော်ကြေးတောင်တဲ့အနေနဲ့ 

မင်္ဂလာပွဲမတက်ဘူး....

80%ကတော့ မိမိစိတ်ကို ကဒီပွဲကို တက်ရောက်စေလိုတဲ့ ဆန္ဒမရှိလို့ ....

ဒီမင်္ဂလာပွဲမတက်ခြင်းနဲ့ ပတ်သတ်ပြီး အိမ်က ဖေဖေ၊မေမေ လူကြီးတွေက

ဆောင်းကို ဘာမှမကန့်ကွပ်ကြပေမဲ့.....

တစ်ချို့ ဆွေမျိုးတွေက ပြောကြပါတယ်....

ဆောင်း က အငြိုးကြီးတယ်....

ပြောပါစေ........မေမေ......

ပြောပါစေ........ဖေဖေ.....

ထိုပြောဆိုခြင်းနောက်မှာ ကယံကံရှင်တို့ ဟာ တန်ဖိုး ဆိုတာလေးကို

သဲမှုန်တစ်ပွင့်လောက်နားလည်ရင်ပဲကျေနပ်တယ်....

နည်းနည်းတော့ နားလည်ခဲ့တာတော့...သေချာတယ်......

ညီမငယ်တစ်ယောက်မရှိတဲ့ မင်္ဂလာပွဲ...

ညီငယ်တစ်ယောက်မရှိတဲ့ မင်္ဂလာပွဲ...
(ဘာကြောင်းလည်းမသမိဘူး မောင်လေးက မင်္ဂလာပွဲနေက ဘုရားမှာသွားထိုင်နေတယ်)။

မောင်နှမတွေရဲ့ တန်ဖိုးက ဘာဆိုတာ ....မင်္ဂလာပွဲမှာ ညီငယ်ကော ညီမငယ်ပါမရှိခြင်းနဲ့ ....နားလည်သွားပါတယ်....
(ထိုစဉ်ကပေါ့)....

ခုတော့ ..လက်ရှိမှာ.....အရင်လိုဘဲ နားမလည်ပြန်ဘူးရှင်.....

နေစေတော့....ဆောင်းနဲ့ မောင်လေး က နားလည်ပေးနိုင်တယ်....

ဘာလို့လည်းဆိုတော့...နေ့ စဉ် အိမ်မှာ ဒေါသစကားနဲ့ လာဆွပေးပြီး..

မိမိတို့ ကိုယ်တိုင်(ဆောင်းနဲ့ မောင်လေး)က .....

ဒေါသကို အမြဲဆင်ခြင်....အသိနဲ့ သတိနဲ့  အဖက်ဖက်ကတွေးရင်း....

နားလည်ပေးနိုင်မှုစိတ်ဓါတ်ရေးရာ သင်တန်းကြီးကို....

မိမိ တို့ အိမ်မှာ တက်ရောက်သင်ယူနေလို့ ပါ....

ထို့ သင်တန်းကို ပို့ချပေးနေတဲ့...

အကိုတို့ လူကြီးဇနီးမောင်နှံကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်......။

လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်ရှင့်....။

ဘာကြောင့်လည်းဆိုတော့......

ဒေါသသိပ်မထွက်တတ်တော့ဘဲ...ရင့်မှည့်လာစေတဲ့ အတွက်.......။

*ကြိုးစားပါဦးမည်။*

***လေးစားလျှက်....***

*နန်းဆောင်းလင်းမေ(လားရှိုး)*

***ရွှေမြို့တော်မှ လူကြီးမင်းများ၏ အားပေးဖတ်ရှုမှုများကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်***

No comments:

Post a Comment