ယနေ့ မှစပြီး စာဖတ်ခြင်းအလေ့အထကို မွေးမြူကြပါဆို့ 
ရှေးလူကြီးများ၏ ဆိုရိုးစကား အရ " စာမတတ်သူ ၊ စာမဖတ်သူသည် မျက်စိကန်း နေသူဖြစ်သည် '' ဟု
ပြောဆိုခဲ့သည်ကိုမှတ်သားခဲ့ရဖူးပါသည် ။အသိပညာရှိဖို့ ဦးနှောက်ကို ကျွေးရမယ့်အစာဟာ " စာဖတ်ခြင်း "
ပါပဲ။အတွေးအခေါ် ရင့်ကျက်တည်ငြိမ်အောင် စာအုပ်ကောင်းတွေ များများဖတ်ရမယ်။ဖတ်ပြီးသမျှ ပြန်စဉ်း
စားပြီး တွေးရမယ်။ စဉ်းစားရသမျှ အိုင်ဒီယာ တွေကိုလက်တွေ့ အကောင်အထည် ဖော်ဖို့ ကြိုးစားရမယ်။
စာအုပ်များသည် စိတ်၏ အဟာရဖြစ်သည်။စာဖတ်ဖို့ အချိန်မရှိဘူးလို့ ညည်းညူပြောဆိုတက်သူဟာ တိုး
တက်ရှင်သန်ခြင်းတံခါးကို အမြဲပိတ်ထားချင်တဲ့သူနဲ့တူပါတယ်။''စာအုပ် ၊ စာပေ လူမိတ်ဆွေ ''ဆိုတဲ့မြန်မာ
စကားပုံ နှင့်အညီ မိမိတို့အား အရာရာကို သွန်သင်ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင် ဖြစ်ပါ
သည် ။
စာမတတ်သူသည် တံခါးပေါက်မပါသော အိမ်နဲ့ တူ၏ ။အပြင်သို့ ဘာမှ မမြင်ရ ။ စာတတ်ပြီး စာမဖတ်သူ
သည် တံခါးပေါက်ရှိပါလျှက် မဖွင့်သောအိမ်နဲ့ တူ၏ ။ အသိပညာတံခါးပိတ်လျှက် ရှိ၏ ။ စာဖတ်ခြင်းသည်
လူတို့ အတွက်ကျယ်ပြန့် သော ဗဟုသုတ ၊အကြားအမြင်ရစေ၏ ။ စဉ်းစားဆင်ခြင်နိုင်သောဥာဏ်ပညာကို
လည်း ဖြစ်စေ၏။စာတက်သူသည် ဘဝအလင်းတံခါးကို အချိန်အခါမရွေး ဖွင့်နိုင်သူဖြစ်သည်။ ဘဝအလင်း
တံခါးကို ဖွင့်နိုင်ရန် လူတိုင်းသည် ငယ်ရွယ်စဉ်ကပင် ကျောင်းနေ ပညာရပ်များကို သင်ကြားရင်းစာတက်
အောင် ကြိုးစားလာခဲ့ကြခြင်းဖြစ်သည်။စာတက်ခြင်းဖြင့် အသိပညာတံခါးများ ၊ အတက်ပညာတံခါးများကို
ဖွင့်နိုင်သည်။
စာတက်ခြင်းကို အခြေပြု၍ အနာဂတ်တွင် ကြီးမားသော ကောင်းကျိုး ချမ်းသာများကို ရရှိခံစားနိုင်သည်။
ဘဝအခြေအနေ လွန်စွာ မြင့်မာတိုးတတ်လာသည်။ ထို့ ကြောင့် စာတက်ခြင်းကို အခြေပြု၍ စာဖတ်ကြရ
မည် ဖြစ်သည်။စကားလိမ္မာ ပြောဆိုရာ၌ စာသည် ဂုဏ်သရေတင့်သော အဆင်တန်ဆာ ဖြစ်လာ၏။စာက
ပေးသော စွမ်းရည်ကား လုပ်ငန်း ဆောင်တာတို့ဆုံးဖြတ်သည့်အခါ အရေးပါလာ၏။ အကြောင်းမူ တစ်ခု
ခြင်းသော အကြောင်းအရပ်တို့ကို ဆောင်ရွက်ရာ၌ ဆိုင်ရာဆိုင်ရာကျွမ်းကျင်သူတို့သိနားလည်တတ်၊ ခန့်ခွဲ
တတ်ကြသည် မှန်သော်လည်း အထွေထွေ နှီးနှောတိုင်ပင်မှု၊ အရေးကြီး ကိစ္စကြီးငယ်တို့အတွက် စီမံကြံဆ
မှု ပြုရမည့်အခါတို့တွင် စာပေနှံ့စပ်သူတို့ ထံမှသာ အကောင်းဆုံး အကြံဥာဏ်များ ထွက်လာတတ်သော
ကြောင့်တည်း။
စာဖတ်ခြင်းဟာ ဗဟုသုတ ကြွယ်ဝရုံသာမ ကောင်းဆိုးနှစ်တန် ဝေဖန်ခွဲခြားနိုင်ပါတယ်။ စာအဆီကို စား၍
အသားကို မြိုလျှင် အလိမ္မာပိုမည်မုချပေတည်း။''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတအကြားအမြင်များခြင်း၊ အ
တတ်ပညာရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ' မည်ကြောင်းမြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သကဲ့သို့ပင်စာ
အုပ်စာပေများစွာ ဖတ်ခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတတ်ကောင်းမွန်တဲ့ဘ၀အဖြစ် တည်ဆောက်နိုင်ကြပါ
လိမ့်မည်။အခုအချိန်မှာ စာပေတွေကိုသင်ကြားတတ်မြောက်ခြင်း ၊ဖတ်မှတ်လေ့လာခြင်း ၊မရှိသေးဘူးဆိုရင်
တောင် အချိန်မနှောင်းသေးပါဘူး ။ရှင်ဒိသာပါမောက် ဒါမှမဟုတ် ပံ့သကူ မထေရ် ကိုဥပမာပြုပြီးတင်ပြရရင်
ရှင်ဒိသာပါမောက် ဒါမှမဟုတ် ပံ့သကူ မထေရ်ဆိုရင် ငယ်စဉ်က အခြေခံသိပေမယ့် စာပေကျမ်းဂန် လေ့လာ
ခြင်း မရှိခဲ့ပေ။ မထေရ်သည် နေ့စဉ် ကျောင်းဘေးက ရေတွင်းအဟောင်းထဲသို့ တံပူတစ်ချောင်းစီ ပစ်ချနေရာ
မှ တံပူများသည် တောင်လိုပုံနေတာ တွေ့ ပြီး အံ့သြသွားကာတကယ်လို့ ငါသာ တစ်နေ့ တံပူတစ်ထောက်စာ
စာကျက်မှတ်လေ့လာရင် ပညာရှိဖြစ်လာမှာပဲဆိုတဲ့ အသိဝင်လာတယ်။ထိုကြောင့် မထေရ်ကြီးသည် ကျစွာမင်း
ဆီဝင်ပြီး ကံ့ကူဆံ အလှူခံလေ၏ ။ ကျစွာမင်းကြီးသည် စာသင်သားများကို ထောက်ပံ့နေကျကိုး။ ဒါပေမဲ့ ဒီ
တစ်ခါမှာတော့ အံ့သြသွားတယ်။ ဘယ့်နှယ် ဒီလောက် အသက်ကြီးမှစာသင်ရသလား “ကျည်ပွေ့ အတက်
ပေါက်ပါ့မှ စာတတ်ပေလိမ့်မည်ဟု့သာ ပြောလိုက်လေ၏ ။ထိုအခါက မထေရ်ကြီးကဘုရင်၏ ပြောစကားကို
မှတ်သားသွားလေ၏် ။ငါတစ်နေ့ စာတတ်လာရမည်ဟု စိတ်ပိုင်းဖြတ်ကာ စာပေကျမ်းဂန်တွေကို ကျေအောင်
ဖတ်မှတ်လေ့လာလေသည် ။
ထိုနောက် စာပေကျမ်းဂန်များစွာကို ပိုင်နိုင်စွာ သင်အံလေ့လာပြီးသောအခါမှ နန်းတော်သို့  ၀င်ကာ ကျည်
ပွေ့အတက်ပေါက်လေဟန်ကျည်ပွေ့ တွင် သစ်ရွက်များကို ချီပြီ ကျည်ပွေ့အတက်ပေါက်ပြီဟု နန်းတော်ထဲ
ဝင်ပြောလေသည်။ ဘုရင်ကိုလည်း သူစာတတ်မြောက်ကြောင်း ရှိသမျှ နန်းတော်တွင်းရှိသမျှ ပါရဂူတွေခေါ်
ပြီး စစ်မေးစေသည်။ဘုရင်ကလည်း စစ်မေးလေ၏ ။ဒါပေမဲ့ ဘာကိုမေးမေး ဖြေနိုင်သောကြောင့် ဘုရင်ကသ
ဘောကျပြီး မင်းဆရာ အဖြစ် ခန့်ထားတော်မူလေ၏ ။ထို ရှင်ဒိသာပါမောက် ဒါမှမဟုတ် ပံ့သကူ မထေရ် မှာ
အခြားမဟုတ်ပေ ကျွန်တော်တို့ ငယ်ငယ်ကသင်ကြားခဲ့ရသော ဗျည်း ၊သရ (က ၊ခ )အက္ခရာများကို ရေးသား
ပြုစုခဲ့သူပင် ဖြစ်လေ၏ ။
ထိုကြောင့် သူငယ်ချင်းတို့ အနေဖြင့်လည်း ယခုမှစပြီး လေ့လာသင်ယူကာ စာပေ၏အကျိုးကျေးဇူးကို ခံစား
ကြည့်ပါ ။ငါလည်းတစ်နေ့ စာတတ်ပေတတ်ဖြစ်ရမည်ဟူသော စိတ်ဖြင့် ယခုပင်ကြိုးစားလေ့လာကြည့်လိုက်
ပါ ။စာတတ်ခြင်း၏ အကျိုးကျေးဇူးကိုသင်မုချခံစားရပါလိမ့်မည် ။စာများများ ဖတ်လေလေ၊ လူအများက မေး
တဲ့ မေးခွန်းတွေကို မိမိက ပိုမို ဖြေလာနိုင်လေလေ ဖြစ်လာပြီးနောက်လူအများမဖြေရှင်းနိုင်သော ပြဿနာများ၊
အမေးပုစ္ဆာများကို မိမိက ဖြေရှင်းလာနိုင် ပါတယ်။ အဲဒီအတွက် မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါ
တယ်။စာဖတ်တဲ့သူမှာ အများတကာကို ဝေမျှစရာ အကြောင်းအရာများစွာ ရှိနေတတ်ပါတယ်။ စာများများဖတ်
လေလေ ဝေမျှစရာတွေက မကုန်နိုင်လေပါပဲ။ နောက်ဆုံး ဘာမှ အကျိုးကျေးဇူး မရှိဘူးပဲ ထားပါဦးတော့။ဘဝရဲ့
နေ့ရက်တွေမှာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့အချိန်တွေ ရှိတော့မှာ မဟုတ်ပါဘူး။'' ဖတ်ပြန်သော်ကား ဖတ်ဖန်များ
က သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်းစာပေစကား နေတိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့် ''
ဆိုသည့် ရှင်မဟာရဌသာရ၏ ဆုံးမစာပါအတိုင်း ပညာမရှိသောဇနီးသည်၊ မလိမ္မာသောသားသမီးများပင်စာပေ
စကားကို နေ့တိုင်းကြားဖန်များလာပါကဗဟုသုတများ ပြည့်စုံလာကာ လိမ္မာရေးခြားရှိလာမည်ဖြစ်သည်။အကျိုး
ကျေးဇူးများလွန်းတဲ့အတွက် စာပေတွေကိုလေ့လာ သင်ယူ ဖတ်ရှူခြင်း အလေ့အထဟာမွေးမြူသင့်တဲ့ အကျင့်
ကောင်း တစ်ခုပင် ဖြစ်ပါကြောင်း ရေးသားတင်ပြပေးလိုက်ပါတယ်ခင်ဗျာ ။
သူငယ်ချင်းအားလုံးအစဉ်ကျန်းမာရွှင်လန်းပါစေလို့  ဆန္ဒပြုရင်း
ညချစ်သူ
No comments:
Post a Comment