Powered By Blogger

Monday, 1 April 2013

တစ်ချက်ပြုံးရင်တစ်ရက်အသက်ပိုရှည်မှာပါ။(ဟာသများ)


တစ်ချက်ပြုံးရင်တစ်ရက်အသက်ပိုရှည်မှာပါ။(ဟာသများ)

*** ဆရာဝန်ဆိုတာ…
…ဆေးတက္ကသိုလ်တွင် ဖြစ်သည်။…လက်ချာပေးနေသော ပါမောက္ခကပြောသည်။
“ဆရာဝန်ဆိုတာ မရွံ့ရှာတတ်ရဘူး၊ အခုကြည့် ဟောဒီ ဆီးပုလင်းကို ဆရာလက်ချောင်းနဲ့ နှိုက်လိုက်တယ်၊ပြီးတော့
လက်ချောင်းကို ဆရာလျှာနဲ့ လျက်လိုက်တယ်၊ တပည့်တို့ အထဲက ဘယ်သူ ဆရာ့အတိုင်း လိုက်လုပ် နိုင်ကြသလဲ၊
ပြောပါ ”
ကျောင်းသူကျောင်းသားအားလုံး ငြိမ်နေကြသည်။ အတန်ကြာမှ ကျောင်းသားတစ်ယောက်ထပြီး ဆီးပုလင်းထဲ လက်
ချောင်းထိုးထည့်သည်။
ထို့နောက် ပြန်နုတ်ကာ လျာနှင့် လျက်သည်။ ပါမောက္ခက ပြောသည်။
“တပည့်ဟာ မရွံ့ရှာတတ်တဲ့အတွက် ဆရာအများကြီး ချီးကြူးပါတယ်၊ ဒါပေမယ့်တပည့်ဟာ သတိထားမှု အပိုင်းမှာ
အားနည်းနေတယ်၊ ဆီးပုလင်းထဲဆရာလက်ထိုးထည့်လိုက်တာ မှန်တယ်၊ ဒါပေမယ့် နောက် လက်တစ်ချောင်းကို
ဆရာလျှာနဲ့ လျက်လိုက်တာကလား တပည့်ရဲ့…”
*** ၀င်မှာလား…
လူနာနှစ်ယောက် ဆေးရုံဝင်းအတွင်း အပန်းဖြေ လမ်းလျှောက်နေကြသည်။ရေခဲတိုက်ကို ဖြတ်သောအခါ ချိတ်ထားသည့်
 “ မဆိုင်သူ မ၀င်ရ” စာတမ်းကို
တစ်ယောက်က အသံထွက်ဖတ်ပြီး အခြားတစ်ယောက်ကို မေးသည်။
“၀င်ခွင့်ရှိတယ်ဆိုရင် ခင်ဗျားဝင်မှာလားဗျ…ဟင်…”
*** အရူးမျိုး…
…စိတ်ရောဂါဝေဒနာသည်ကို ဆရာဝန်က မေးသည်။
“ကိုဥက္ကာ၊ ခင်ဗျားဆီ ဘာဧည့်သည်မှ လာတာမတွေ့ပါလား၊ ခင်ဗျားမှာ ဆွေမျိုးမရှိဘူးလား”
“အများကြီး ရှိတာပေါ့၊ သူတို့အားလုံး ဒီမှာရောက်နေကြတယ်။”
*** လိုတာထက် ပိုသွားပြီ…
…အိမ်ထောင်သက် ဆယ်နှစ်ပြည့်သော်လည်း လင်မယားနှစ်ယောက်တွင် သားသမီးမထွန်းကားချေ။ ၄င်းတို့နှစ်ဦး  ဆရာဝန်အသီးသီးထံ ပြကြည့်သည်။အကျိုးမထူးချေ။ တစ်နေ့တွင် ပယောဂ ဆရာတစ်ဦးက ရောမမြို့ရှိစိန့်ပီတာဘု
ရားကျောင်းသို့ သွားပြီး ဖယောင်းတိုင်ထွန်း ဆုတောင်းရန်၎င်းတို့ကို အကြံပေးသည်။
…နှစ်အနည်းငယ် ကြာသွားသည်။ ပယောဂဆရာသည် မိမိအကြံပြုလိုက်သည့်လင်မယားတို့၏ အခြေအနေကို သိချင်
သည်နှင့်၎င်းတို့ နေထိုင်ရာအရပ်သို့ရောက်လာသည်။ အိမ်ရှေ့တွင် ကလေးငယ် ငါးဦး ဆော့ကစားနေသည်ကို တွေ့ရာ
ဤသို့မေးသည်။
“ကလေးတို့ရေ…မင်းတို့ရဲ့မေမေ ဘယ်မှာလဲကွယ်”
“သားဖွားဆေးရုံမှာ”
“ဖေဖေကော”
“စိန့်ပီတာဘုရားကျောင်းမှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကို သွားမှုတ်ဖို့ရောမမြို့ကို တက်သွားတယ်…”
ရယ်မောပျော်ရွင်ပါစေ.........

No comments:

Post a Comment