Powered By Blogger

Friday, 8 February 2013

ကိုရီးယားပဲခေါက်ဆွဲ


      ကိုရီးယားပဲခေါက်ဆွဲ


ပဲခေါက်ဆွဲက သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင်
ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။
ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။
တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့
ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။
ပါဝင်ပစ္စည်းများ(၂ပွဲစာ)

✿ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)
✿သခွါးဖရုံသီး (courgette =Zucchini)၁လုံး(အတုံးလေးများ)
✿အာလူးကြီးကြီး ၁လုံး(အတုံးလေးများ)
✿ကြက်သွန်နီ ၁လုံး(အတုံးလေးများ)
✿ကိုရီးယား ပဲအနှစ် ၃ဇွန်း(စားပွဲတင်)
✿ နှမ်းဆီ၃ဇွန်း(စားပွဲတင်)
✿ပြောင်းကော်မှုန့်၂ဇွန်းရေဖျော်ပြီး(စားပွဲတင်)
✿ဂျုံခါက်ဆွဲ ၂ပွဲစာ
ချက်ပြုတ်နည်း
စစချင်း ဒယ်ထဲတွင် ကြက်သွန်နီ် ၊ ဖြူ နှင့် ဝက်ဗိုက်ခေါက်သားအတုံးလေးများကို ထဲ့ပြီးကြော်ပါ။
046
ဝက်သားကျက်ရင် အာလူး, သခွါးဖရုံသီးအတုံးလေးများထဲ့ကာ ၂မိနစ်ခန့်ဆက် ကြော်ပါ
047
အိုးထဲမှာပဲ အစာများကို ဘေးကပ်ပြီး BLACK BEAN အနှစ်ထဲ့၁မိနစ်ခန့်ကြော်ပေးပါ။ပြီးမှအကုန်ရောကြော်ပါ။
049
ရေအနဲငယ် ထဲ့ပြီးအသားများ၊ အသီးများနူးပါစေ။
နောက်ဆုံး ပြောင်းကော်ရည်ထဲ့ပြီး အရည်ပျစ်စေကာ နှမ်းဆီရောပြီး ခေါက်ဆွဲ ပေါ်တွင်၎င်း
ထမင်းပေါ်တွင်၎င်းဆမ်းကာ ပူပူလေးစားသုံးပါ။
လတ်လတ်ဆက်ဆက်သခွါးသီးလေးများ ဖြင့်စားရင်အလွန်ကောင်းပါတယ်။
050 060
054 - Copy

No comments:

Post a Comment